Loading the player...


INFO:
☘️🌷 စိတ်ပါပါ မပါပါ လုပ်သာလုပ် 🌷☘️ ကုသိုလ်ဆိုတာ လုပ်ချင်လည်း လုပ်သာလုပ် မလုပ်ချင်လည်း လုပ်သာလုပ် မိမိတို့ ဒီဘဝကို ရောက်လာကြတယ်ဆိုတာ ကုသိုလ်အရှိန်အဝါကြောင့် ရောက်လာကြတာ။ သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို ဖြည့်ကျင့်ချင်လည်း ဖြည့်သာဖြည့်ကျင့် မဖြည့်ကျင့်လည်း စိတ်ကလေးကို ဆုံးမပြီး ဖြည့်သာဖြည့်ကျင့်လိုက်။ ကုသိုလ်အလုပ် တရားအလုပ်ဆိုတာ စိတ်ပါသည်ဖြစ်စေ စိတ်မပါသည်ဖြစ်စေ အမြဲလုပ်နေရမယ့် အလုပ်တွေပဲ။ လူရဲ့ အားကိုးစရာ အစစ်ဟာလည်း ဒါပဲရှိတာ။ ကုသိုလ်ဆိုတာ ဝေးဝေးကမ်းကမ်း လိုက်ရှာနေစရာမလိုဘူး ငွေကုန်စရာလည်း မလိုဘူး စိတ်ကောင်းစေတနာကောင်းရှိရင် ကုသိုလ်ဟာ နေရာတိုင်းမှာ ရနိုင်တယ်။ ကိုယ့်ဘက်က စိတ်ကောင်းစေတနာကောင်း ရှိဖို့နဲ့ ယူတတ်ဖို့ပဲလိုတယ်။ ☘️တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက☘️ 🌸ကျေးဇူးတော်ရှင် ယောဆရာတော်ဘုရားကြီး🌸 မေတ္တာဖြင့် ဓမ္မဒါန